Monday, July 1, 2013

နတ်ပို့

နတ်ပို့

ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ ။
သောကပ္ပတ္တာ စ နိေဿာကာ ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော ။
ဧတ္တာဝတာ စ အမှေဟိ ၊ သမ္ဘတံ ပုညသမ္ပဒံ ။
သဗ္ဗေ ဒေ၀ါ နုမောဒန္တု ၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ ။
ဒါနံ ဒဒန္တု သဒ္ဓါယ ၊ သီလံ ရက္ခန္တု သဗ္ဗဒါ ။
ဘာဝနာဘိရတာ ဟောန္တု ၊ ဂစ္ဆန္တု ဒေ၀တာဂတာ ။
သဗ္ဗေပိ-ကြွင်းမဲ့ဥဿုံ အလုံးစုံလည်းဖြစ်ကုန်သော။ ပါဏိနော-ရှိရှိသမျှ သတ္တ၀ါဟူသမျှတို့သည်။ ဒုက္ခပ္ပတ္တာ-မတော်တဆ ဒုက္ခသို့ရောက်နေကြကုန်သည်။(သမာနာ-ဖြစ်ကုန်သည်ရှိသော်)။ နိဒ္ဒုက္ခာ-ဘုရားတရား သံဃာများ၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ဆင်းရဲဒုက္ခ မရှိကြကုန်သည်။ (၀ါ) ဒုက္ခကင်းကြကုန်သည်။ ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။
ဘယပ္ပတ္တာ-မတော်တဆ ဘေးဘယသို့ ရောက်၍နေကြကုန်သည်ရှိသော်။ နိဗ္ဘယာစ-ဘေးမရှိကြကုန်သည် လည်း။ ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။
သောကပ္ပတ္တာ-၀မ်းနည်းခြင်း တည်းဟူသော သောကသို့ ရောက်နေကြကုန်သည်ရှိသော်။ နိေဿာကာစ-သောကမရှိကြကုန်သည်လည်း။ ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။

ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား

 

(၃) ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား

 (၃) ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား

အချိန်ကာလ ဤ၍ဤမျှဟု ရေတွက်ခြင်းမှာ မတတ်နိုင်သောမဟာကပ်ကမ္ဘာပေါင်း အသင်္ချေယျတို့အနက်မှ ခုနှစ်ခုသော အသင်္ချေအတွင်း၌ ပွင့်တော်မူကြကုန်သော ဗြဟ္မာဒေဝ အစရှိသည့် တစ်သိန်းရှစ်သောင်းငါးထောင် (၁၈၅,၀၀၀) ကုန်သော ဘုရားရှင်တို့ကို ဂေါတမ ဗုဒ္ဓဘုရားလောင်းလျာသည် ဖူးမြင်ကြုံတွေ့ခဲ့ရလေသည်။ ထိုဘုရားရှင်တို့၏ ဓမ္မဒေသနာကို ကြားနာရလေလျှင် ဘုရားဖြစ်လိုသော စိတ်ဆန္ဒ ဖြစ်ပေါ်လာ၍ ပါရမီ ၁၀ ပါး၊ ပရိစ္စာဂ ငါးပါးတို့ကို တစ်စတစ်စ ဖြည့်ဆည်းတော်မူလေသည်။

နောက်တစ်ဖန် ကိုးအသင်္ချေသော ကာလအတွင်းပွင့်တော်မူကြကုန်သော ပေါရဏသကျ ဂေါတမ အစရှိသည့် သုံးသိန်းရှစ်သောင်း ခုနှစ်ထောင်ကုန်သော ဘုရားရှင်တို့နှင့် တွေ့ကြုံရပြန်သည်။ ထိုဘုရားရှင်တို့ကို ပစ္စည်းလေးပါးတို့ဖြင့် ပူဇော်မူကို ပြုလုပ်ရ၍ တရားတော်ကို နာရသဖြင့် နောင်သောအခါ ငါသည်လည်း လူတွင်ထင်ရှား ဘုရားစင်စင် ဖြစ်ပါစေကြောင်းကို ဆုတောင်းပတ္ထနာ ပြုတော်မူလေ၏။ ဤသို့ဖြင့် ပါရမီ ဆယ်ပါး၊ ပရိစ္စာဂ ငါးပါးတို့ကို အမြဲကြိုးစား အားထုတ်လေ၍ ပါရမီအဆောက်အအုံရင့်မာလာသောအခါ ဤကမ္ဘာမှ စ၍ပြန်ရေတွက်သော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာ ရှင့်ရသေ့ အဖြစ်သို့ ရောက်ရှိတော်မူသည်။