နတ်ပို့
ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ ။
သောကပ္ပတ္တာ စ နိေဿာကာ ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော ။
ဧတ္တာဝတာ စ အမှေဟိ ၊ သမ္ဘတံ ပုညသမ္ပဒံ ။
သဗ္ဗေ ဒေ၀ါ နုမောဒန္တု ၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ ။
ဒါနံ ဒဒန္တု သဒ္ဓါယ ၊ သီလံ ရက္ခန္တု သဗ္ဗဒါ ။
ဘာဝနာဘိရတာ ဟောန္တု ၊ ဂစ္ဆန္တု ဒေ၀တာဂတာ ။
သဗ္ဗေပိ-ကြွင်းမဲ့ဥဿုံ အလုံးစုံလည်းဖြစ်ကုန်သော။ ပါဏိနော-ရှိရှိသမျှ သတ္တ၀ါဟူသမျှတို့သည်။ ဒုက္ခပ္ပတ္တာ-မတော်တဆ ဒုက္ခသို့ရောက်နေကြကုန်သည်။(သမာနာ-ဖြစ်ကုန်သည်ရှိသော်)။ နိဒ္ဒုက္ခာ-ဘုရားတရား သံဃာများ၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ဆင်းရဲဒုက္ခ မရှိကြကုန်သည်။ (၀ါ) ဒုက္ခကင်းကြကုန်သည်။ ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။
ဘယပ္ပတ္တာ-မတော်တဆ ဘေးဘယသို့ ရောက်၍နေကြကုန်သည်ရှိသော်။ နိဗ္ဘယာစ-ဘေးမရှိကြကုန်သည် လည်း။ ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။
သောကပ္ပတ္တာ-၀မ်းနည်းခြင်း တည်းဟူသော သောကသို့ ရောက်နေကြကုန်သည်ရှိသော်။ နိေဿာကာစ-သောကမရှိကြကုန်သည်လည်း။ ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။
သဗ္ဗေဒေ၀ါ-အလုံးစုံ ဤနေရာသို့ ရောက်ရှိလာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည်။ ဧတ္တာဝတာ-ဤမျှ အတိုင်းအရှည်ရှိသော မကြာခဏ ရောက်၍နေရတဲ့ အတိုင်းအရှည်ဖြင့်။ အမှေဟိ-အသင် နတ်တို့နှင့် တကွ ဖြစ်သော ငါတို့သည်။ သမ္ဘတံ-ကောင်းစွာစုဆောင်း စုပေါင်းထားအပ်ပြီးသော။ ပုညသမ္ပဒံ-ကောင်းမှု၏ ပြည့်စုံခြင်းကို။ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ-အလုံးစုံသော လောကီသမ္ပတ္တိ, လောကုတ္တရာသမ္ပတ္တိ၏ ပြီးစီးထမြောက် အောင်မြင်ခြင်းအကျိုးငှါ သဗ္ဗေ-အလုံးစုံ အကုန်အစင်သော နတ်ဗြဟ္မာတို့သည်။ အနုမောဒန္တု-၀မ်းမြောက်ကြ ပါကုန်လော။
အာဂတာ-စောစောက ပင့်ဖိတ်၍ ရောက်လာကြကုန်သော။ ဒေ၀တာ-ပရိတ်တရားကို နာဖို့ရန် ရည်သန်၍ နေကြသော နတ်ဗြဟ္မာအပေါင်းတို့သည်။ ဒါနံ-အလှူဒါနကို။ ဒဒန္တု-ပေးလှူကြပါကုန်လော။
သဗ္ဗဒါ-အခါခပ်သိမ်း။ သီလံ-မိမိတို့ဆိုင်ရာ ငါးပါးသီလစသည်ကို။ ရက္ခန္တု-စောင့်ရှောက်ကြပါကုန်လော။
ဘာဝနာဘိရတာ-အနိစ္စဒုက္ခ အနတ္တစသော ဘာဝနာပွားခြင်း၌ မွေ့လျော်ကြကုန်သည်။ ဟောန္တု-ဖြစ်ကြပါကုန်လော။
ဒေ၀တာ-စောစောက ဖိတ်မန်၍ ရောက်လာကြကုန်သော နတ်တို့သည်။ ဂစ္ဆန္တု-ကိုယ်စီကိုယ်င ကိုယ့်ဒေသသို့ ပြန်နိုင်ကြပါစေကုန်သတည်း။

No comments:
Post a Comment